Wednesday, June 19, 2013

ဒေါ်စုနှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး

ဟွဏ်းဘီးလ်။        ။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီမှ ခေါင်းဆောင်များ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် အချက်လေးချက်ဆွေးနွေးခဲ့သည်ဟု ၎င်းဆွေးနွေးပွဲတွင်ပါဝင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က မီဒီယာများကို ပြောသည်။

၎င်းတို့သည် ဇွန်လ ၁၈ ရက်က ဒေါ်စု နေအိမ်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အ ခြေခဥံ ပဒေ ပြင်ဆင်နိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု အရေး၊ ပီအာ(အချိုးကျ ကိုယ်စားပြု) စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးရန်မသင့်ကြောင်းနှင့် တရားဥပ ဒေစိုးမိုးရေးတို့ကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပများတွင် ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဦးအေးသာအောင် က ပြောသည်။

၎င်းက ''အခြေခံဥပဒေကိုပြင်တဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာကတော့ လောလောဆယ် ပြင်ရမှာက ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ တစ်ပိုဒ် နဲ့တစ်ပိုဒ် အဆီအငေါ်မတည့်တဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့ အပိုဒ်မျိုးတွေကို အရင်ပြင်ရမယ် ဆိုတဲ့အပိုင်းနဲ့ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေတာကိုတော့ တဖြည်းဖြည်းချင်း ပြင်ရမယ့်အပိုင်းတွေ ပြောပါတယ်'' ဟု ဆိုသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးအဖွဲ့ ဖွဲ့စည်းထားပြီး ထိုအဖွဲ့မှတစ်ဆင့် ပြင်ဆင်ရေးများ ဆောင်ရွက်သွားမည်ဟုလည်း ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ဦးအေးသာအောင် က ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့ပြီး ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များအနက် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အာဏာအများ ဆုံးပေးထားမှုအားပြင်ဆင်ရန်နှင့် တရားစီရင်ရေး ကိစ္စတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဝင်ရောက်ပတ်သက်မှုများကို ပြင်ဆင်ရန်တို့ကိုဆွေးနွေး ခဲ့သည်ဟုလည်း သိရသည်။

ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ ဇိုမီးနေရှင်နယ်ကွန်ရက်မှ ဦးဂျင်ကျင်းထန်က ''လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ အခြေခံဥပဒေ လေ့လာရေးအဖွဲ့ တွေကတစ်ဆင့် ပြင်ဆင်ဖို့ပြောပါတယ်၊ ပြည်သူ့ဆန္ဒလည်း လိုမှာပါ။

ဒီနေ့ ဒေါ်အောင်ဆန်း စုကြည် ပြောတာတွေကို လက်ခံပါတယ်။ ဒီလိုမှမလုပ်ရင်တိုင်းပြည်က နာနေပြီလေ'' ဟု ပြောသည်။ ၎င်းတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ
ခေါင်းဆောင်များဖြစ်သော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးထွန်းညို၊ မွန်အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း၊ ဇိုမီးနေရှင်နယ် ကွန်ကရက်ဥက္ကဋ္ဌ ဦးဂျင်ကျင်းထန်၊ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂယက် (KNCD) ဥက္ကဋ္ဌ ဦးစောအောင်စီတို့ ပါဝင်ပြီး ၎င်းတို့ နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။ Ref: Mizzima

0 comments:

Post a Comment